Ye U News

Ye U News

ရေဦးမြို့၊ စပါးဒိုင်ကွင်းအဟောင်း၌ စခန်းချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇွန်လ ၁၁

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့စပါးဒိုင်ကွင်းအဟောင်း၌ စခန်းတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း ရွှေဘိုခ ရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသော ရေဦးမြို့ ၊ စပါးဒိုင်ကွင်းအဟောင်း စစ်တပ်စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စပါးဒိုင်းကွင်းအဟောင်းမှာ တပ်စွဲထားတာက ကြာပြီ၊ အခုက ဘန်ကာတွေ ဘာတွေဆောက်ပြီး အင်အား တိုးထားတာ ၅၀ လောက်ရှိတဲ့အတွက် ဗုံးသွားချတာ၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေး ဘူး။ ကျနော်တို့ ချတာက ၁၀ လုံးသွားချတာ၊ ၂ လုံးတင်ထားတဲ့ ဒရုန်းက Error ဖြစ်ပြီး ပျက်ကျသွား တာပါ။ စစ်ခွေးဘက်က Jammer ကြောင့်တော့မဟုတ်ဘူး” ဟု ရွှေဘိုခ ရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့သော် လည်း Fixed Wing ဒရုန်းတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ကို မဆုတ်မနစ် တော်လှန် တိုက်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...