Rakhine News

Rakhine News

AA ထိန်းချုပ်ထားရာ ပေါက်တောမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦးဒဏ်ရာရ၊ နေအိမ်အချို့ပျက်စီး

 

D Day News

ဇွန်လ ၁၁

 

ရခိုင်ပြည်နယ်၊ ရခိုင့်တပ်တော် -AA ထိန်းချုပ်ရာ ပေါက်တောမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် အချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ နှင့် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ပေါက်တောမြို့နယ်၊ မြို့ပေါ် ရပ်ကွက် ၁ ၊ သဝင်ချောင်းကျေးရွာဘုန်းကြီးကျောင်းဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြား ကျေးရွာတို့ကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါနေရာများအား ဒရုန်းများဖြင့် ဒရော့ဗုံး ၁၃ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၄ ဦးတို့ အကြီးစား၊ အ‌လတ်စား၊ အသေး စား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကာ နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ပေါက်တောမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ဦးညီညီအောင်၊ အသက် ၃၈ နှစ် အ ရွယ် ဦးနေဝင်း ၊ ပေါက်မြို့နယ်၊ သဝင်ချောင်းကျေးရွာအနီးဝန်းကျင်နေ အသက် ၃၈ နှစ်အရွယ် ဒေါ်နှင်းချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးကျော့စိန်၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်စိုး ၊ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မချေယဉ်သန်း ၊ အသက် ၃၀ အရွယ် ဒေါ်နုအေး ၊ အသက် ၅၀ အရွယ် ဒေါ်ဇနီးမယ် ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်ဦးမေသန်း နှင့် အသက် ၂၈ နှစ်အရွယ် ဦးမောင်လှသန်း တို့ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီသည် အာရက္ခတပ်တော် -AA ထိန်းချုပ် ထားရာမြို့ ၊ ရပ်ရွာများနှင့်  လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ ဆေးရုံ ဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာ များကို ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...