Nahtogyi News

Nahtogyi News

နွားထိုးကြီးတွင် ပြည်သူများထံမှ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်

 

D Day News

ဇွန်လ ၁၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Anyar Federal Task Force အဖွဲ့ထံမှ သိရ သည်။

 

ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နွားထိုးကြီးမြို့နယ်၊ ရွာ​ကြီးကျေးရွာတွင် ယာယီ အထိုင်ချ တပ်စွဲ ပြီး ပြည်သူများထံမှ ငွေညှစ်နေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဇွန်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွာကြီးကျေးရွာအတွင်းမှ အ ကြမ်းဖက် စစ်ကောင်စီတပ်သားများမှာ ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (A F T F) နှင့်အတူ မဟာမိတ်အဖွဲ့ဖြစ်သော Freedoom Fighter Guerrilla Force (FFGF)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...