Thaung Thar News

Thaung Thar News

တောင်သာမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် မကျီးရိုးစာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၁

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် မကျိုးရိုးစာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၅ ရက် နံနက် ၁၁ နာရီခန့်က တောင်သာမြို့နယ်၊ တောင်သာမြို့မရဲစခန်းကို ဒရုန်းဖြင့် အီနာ ဂါဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နန်းတည်းကျေးရွာ အုပ်ကြီး အောင်မြင့်မော်နှင့် ရဲ ၂ ဦး အပြင်းအ ထန်ဒဏ်ရာရရှိပြီးတစ်ဦးသေဆုံးသွားကြောင်း၊ ထို့အပြင် ရဲမေ ၂ ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အလားတူ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကိုလည်း တပြိုင်တည်း အီနာဂါ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ထွေအုပ်ဝန်ထမ်း တစ်ဦး ဦးခေါင်း ရှပ်ထိ ဒဏ်ရာနှင့် မစိုးရိမ်ရ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၅ ရက် ညနေ ၄ နာရီခန့်တွင် တောင်သာမြို့နယ်၊ မကျီးရိုးစာသင်ကျောင်း၌ အထိုင် ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးအပြင်းအထန်ဒဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ရဲစခန်းဗုံးကျဲတာက တစ်ဦးထပ်သေသွားတယ်လို့ သိရတယ်၊ အဲဒါဆိုတော့ ၂ ဦးသေတာပေါ့၊ နောက်ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေ သေလား မသေလားတော့ ထပ်မစုံစမ်းရသေးဘူး။ နယ်မြေ အခြေအနေကလည်း နည်းနည်းရှုတ်ထွေးနေတယ်၊ မြင်းခြံမြို့ပေါ်မှ ၁၂၂ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချပြီး ပစ်နေတာ၊ မနေ့ဆိုရင် ပျားရွာဘက်ကို လှမ်းပစ်သေးတယ်၊” ဟု မြင်းခြံခရိုင်အမှတ် ၈ တရင်း တာဝန်ခံ ကိုလင်းလက် ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၈ တပ်ရင်းနှင့် မလှိုင် ပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...