AA News

AA News

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး၊ ဘူးသီးတောင်မြို့နယ်ရှိ ကောဘဇာစခန်းကို သိမ်းပိုက်ရရှိကာ မောင်တော၊ မြေပုံမြို့နယ်တို့ တွင်လည်း တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သား ၈ ဦးသေဆုံး

 

D Day News

မတ်လ ၂၉

 

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – အေအေ က ထုတ်ပြန်သည်။

 

အလားတူ မတ်လ ၂၆ ရက်နံနက် ၁၀ နာရီ ၁၈ မိနစ်မှစ၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာနေရာ၌ ရခိုင့် တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတို့ကြား မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်မှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ နှင့် တခြားတပ်များမှ စုပေါင်းထား သောစစ်ကြောင်းဖြစ်ပြီး ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက် ခိုက်ခဲ့ပြီး ရခိုင်တပ်တော် တပ်ဖွဲ့ဝင် ၂ ဦးအသေးစား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ် ကောင်စီ ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ -၂၃၄ တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ် ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ် သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မတ်လ ၂၅ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကို ရခိုင့်တပ်တော်က သိမ် ပိုက် ရရှိခဲ့ကြောင်း သိသည်။

 

မတ်လ ၂၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက် ဘက် မီတာ ၂၄၀၀ ခန့်အကွာ တောင်ကြော၌ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃ နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုလက်အောက်ခံ၊ ခမရ ၅၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား မိနစ်အနည်း ငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း အပြီးသတ် သိမ်းပိုက် ရယူ နိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိပြီး အကြမ်း ဖက် စစ်တပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိကြောင်း ရခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...