Myaung &Myinmu News

Myaung &Myinmu News

မြောင်၊ မြင်းမူမြို့နယ်တို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင် စီ တပ်သား ၁၃ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၁

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲရှိအကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း -SDDF ထံမှ သိရသည်။

 

ဇွန်လ ၉ ရက် ည ၃ နာရီ မိနစ် ၃ အချိန်မှ ၄ နာရီ မိနစ် ၃၀ အချိန်အထိ ​မြောင်မြို့နယ်၊ မြောင်လမ်း ခွဲ၌ အခြေချနေထိုင်နေသော ဘိုးမင်းကြီး အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအရှေ့ဘက်ရှိ ကြမ်းဖက်စစ်တပ်စခန်း ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ဇွန်လ ၉ ရက် ညနေ ၅ နာရီမှ ၅ နာရီ မိနစ် ၃၀ အချိန်အထိ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအရှ့ဘက်ရှိ​​ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီများ အခြေချနေထိုင်သည့် ဂိတ်စန်းကို “Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သေတဲ့သတင်းတော့ ထပ်မသိရသေးဘူး၊ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ ဒဏ်ရာရတဲ့ စစ်ခွေး တွေကို အလ္လကပ္ပကျေးရွာထဲမှာ ဆေးကုတယ်လို့ သိရတယ်” ဟု စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း – SDDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို   စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း – SDDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ မြင်းမူ ပကဖ၊ URBAN HUNTER FORCE(UHF) ၊ လျှပ်တပြတ် စွန်ညို ၊ Meikhtila Special defence Force နှင့် Black Eagle တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...