AA News

AA News

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ထုတ်သွားမည်ဟု ခိုင်သုခပြော (ရုပ်သံ)

 

D Day News

ဇွန်လ ၁၀

 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုရှိသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်ရန် အစီအစဉ်မရှိ သေးပဲ အကြမ်းဖက်စစ်ကောင်စီတပ်စခန်များအားလုံးကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရခိုင့် တပ်တော် – AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကပြောကြားသည်။

 

ဇွန်လ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

 

“တွေ့ဆုံပွဲမှာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ AA နဲ့ဆက်စပ်တဲ့ တခြား စစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်၊ စစ်ကောင်စီနဲ့ ကျနော်တို့က ဟိုင်ဂင်နောက်ဆက်တွဲ အစည်းအဝေးတွေမှာ နှစ်ဖွဲ့ချင်းတွေ့ဆုံတာ ရှိပါတယ်။ တရုတ်နိုင်ငံကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး‌ပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ဒါတွေက လက်ရှိ စစ်ကောင်စီလုပ်ရပ်ပေါ်မှာ အများကြီး မူ တည်နေပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောကြားသည်။

https://youtu.be/ugZ8Dr7___A

AA သည် ၂၀၂၃၊ နိုဝင်ဘာကနေ ယနေ့အချိန်ထိ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၉ ခုကို သိမ်းပိုက်ထိန်း ချုပ်ထားပြီး သိမ်းပိုက်ရန် ကျန်ရှိနေသည့်မြို့နယ်များမှာ မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူ မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့က ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသနှင့် တအာင်းပြည်အတွင်းရှိမြို့ အများအပြားကို သိမ်းပိုက်ပြီးနောက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ခဲ့ရာ ဟိုင်ဂင် သဘောတူညီ ချက်ရရှိခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်စဲသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိမြို့သိမ်းတိုက် ပွဲများပါဝင်ခြင်းမရှိခဲ့ပေ။

 

ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီနှင့် AA တို့သည် တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲတွင် နှစ်ဖွဲ့ ချင်း တွေ့ဆုံ ဆွေးနွေးခြင်းများ ရှိခဲ့ကြောင်းရခိုင့်တပ်တော် – AA ပြောခွင့်ရ ခိုင်သုခ ကပြောကြား သည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...