International News

International News

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား အရေးယူမှု ဗြိတိန်နိုင်ငံက ထပ်မံတိုးမြှင့်

 

D Day News

ဇွန်လ ၁၀

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၃၉ ဦး ၊ စစ်ကောင်စီ အပါအဝင် ဌာနများ၊ ကုမ္ပဏီနှင့်အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများကို ဗြိတိန် က ထပ်မံတိုးမြှင့်လိုက်ပြီး နောက်ဆုံးအရေးယူထားသည့် စာရင်းကို ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန် ထားကြောင်း သိရသည်။

 

အဆိုပါ အရေးယူမှု ထပ်မံတိုးမြှင့်သည့်စာရင်းတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ များကို သတ်ဖြတ်ခဲ့ကြသည့် စစ်တပ်မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ၊ အားပေးကူညီကြသူများ၊ စီး ပွားရေးကုမ္ပဏီများ ပါဝင်ပြီး ပစ်မှတ်ထား အရေးယူမှုများ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် လူပုဂ္ဂိုလ် ၃၉ ဦးမှာ-

 

၁- တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်

၂- နယ်ခြားစောင့် ရဲတပ်ကြပ်ကျော်ချေ

၃- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး

၄- ဗိုလ်မှူးချုပ်ခင်လှိုင်

၅- ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

၆- ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်

၇- ထူးထက်တေဇ

၈-လေတပ်ဗိုလ်ချုပ်ကြီးထွန်းအောင်

၉-ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

၁၀- လေယာဉ်ဆီတင်သွင်းသူ ဒေါ်ခင်ဖြူဝင်း

၁၁- တပ်ကြပ်ကြီးဘကျော်

၁၂-လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်

၁၃- ကျော်မင်းဦး (Sky Aviator Company)

၁၄- ရဲမှူးချုပ် သူရစန်းလွင်

၁၅-ဘယ်လာရုစ် ကောင်စစ်ဝန် အောင်မိုးမြင့်

၁၆- ဒေါ်မျိုးသစ္စာ

၁၇-နယ်ခြားစောင့်ရဲအရာရှိ ထွန်းနိုင်

၁၈-ဗိုလ်မှူးချုပ် သန်းဦး

၁၉-ဗိုလ်မှူးချုပ်သန့်ဇင်ဦး

၂၀- ဗိုလ်ချုပ်ကြီး မြထွန်းဦး

၂၁- ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး

၂၂- ရှေ့နေချုပ် သီတာဦး

၂၃- အဂတိကော်မရှင် ဥက္ကဋ္ဌ တင်ဦး

၂၄- အောင်လှိုင်ဦး

၂၅- ပြည့်ဖြိုးတေဇ

၂၆- ဗိုလ်ချုပ်ကြီးတင်အောင်စန်း

၂၇- စစ်တိုင်းအောင်

၂၈- ဗိုလ်ချုပ်မောင်မောင်စိုး

၂၉-ဗိုလ်မှူးချုပ် ခင်မောင်စိုး

၃၀- ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး

၃၁- ဗိုလ်ချုပ်ညီညီဆွေ

၃၂- ဗိုလ်မှူးအောင်မျိုးသူ

၃၃- ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

၃၄- စီးပွားရေးသမား ထွန်းမင်းလတ်

၃၅- ဗိုလ်မှူးသန့်ဇော်ဝင်း

၃၆-လေယာဉ်ဆီတင်သွင်းသူ ဝင်းကျော်ကျော်အောင်

၃၇- တေဇ

၃၈- ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော

၃၉- လေယာဉ်ဆီတင်သွင်းသူဇော်မင်းထွန်း တို့ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ နောက်ဆုံး ဆောင်ရွက်ထားသည့် အဖွဲ့ ၃၁ ခုမှာ –

 

၁-တပ်မ ၁၀၁

၂-တပ်မ ၃၃

၃- တပ်မ ၇၇

၄- တပ်မ ၉၉

၅- Asia Sun Trading ကုမ္ပဏီ

၆- Cargo Link ကုမ္ပဏီ

၇- ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး

၈-ကက (ဝယ်) ညွှန်ကြားရေးမှူးရုံး

၉-Dynasty International ကုမ္ပဏီ

၁၀-ထူးကုမ္ပဏီများအုပ်စု

၁၁- IGGC (International Gateways group of company limited)

၁၂- International Group of Entrepreneur Services Company Limited

၁၃- JSC GORIZONT (ရုရှား)

၁၄- အမှတ် ၁ သတ္တုလုပ်ငန်း

၁၅- အမှတ် ၂ သတ္တုလုပ်ငန်း

၁၆- Miya Win ကုမ္ပဏီ

၁၇- Myanmar Chemical & Machinery ကုမ္ပဏီ

၁၈- မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း

၁၉- Myanmar New Era Trading ကုမ္ပဏီ

၂၀- မြန်မာ့ပုလဲလုပ်ငန်း

၂၁- မြန်မာ့ သစ်လုပ်ငန်း

၂၂- မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့

၂၃- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၄- စစ်ထောက်ချုပ်ရုံး

၂၅- Shoon Energy ကုမ္ပဏီ

၂၆- Sky Aviator ကုမ္ပဏီ

၂၇- Sky One ဆောက်လုပ်ရေးကုမ္ပဏီ

၂၈- SS Techniques ကုမ္ပဏီ

၂၉- Star Sapphire ကုမ္ပဏီများအုပ်စု

၃၀- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

၃၁- URAL AVIA LLC တို့ ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေကြောင်း Justic For Myanmar က ထုတ်ပြန် သည်။ မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့်...