TNLA News

TNLA News

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကျဲ တိုက် ခိုက်မှု TNLA တပ်သားအချို့ထိခိုက်ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၉ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က မိုးမိတ်မြို့နယ်၊ ပန်တင်ရွာနှင့် မန်ပိန်း ရွာအကြားရှိ တအာင်းတပ်မတော် – TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ပြီးနောက် လေကြောင်း ဖြင့် ပေါင် ၅၀၀ ဗုံး တစ်ကြိမ် လာရောက်ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုနောက် ညနေ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး အသုံးပြု ကာ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် TNLA တပ် သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ် စခန်းများအား ဦးတည် ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်း အသုံး ပြုကာ အင်အားပြင်း လက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး အသုံးပြုကာ လာရောက်ဗုံးကျဲ တိုက် ခိုက် ခြင်းများ ပြုလုပ်လျက် ရှိ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...