Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးသည့် စစ်ကားနှင့် မိုင်းရှင်းနေသော စစ် သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကြေးနီကားများကို လုံခြုံရေး ယူပေးသည့် စစ်ကားနှင့် မိုင်းရှင်း နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၉ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်သား အဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၆ ရက်နေ့တွင် နံနက်ပိုင်းတွင် မုံရွာမြို့နယ် ကြေးနီမိုင်းမှ ထွက်လာသည့် ကြေးနီများ သယ် ဆောင်လာသော ကားများနှင့် လုံခြုံရေး ယူပေးရန် လိုက်ပါလာသည့် စစ်ကားများကို စစ်ကိုင်းမြို့ နယ် အုန်းတောရွာနှင့် နက်ခရိုင်းရွာ အကြားအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များလိုက်ပါလာသည့် ၁၁ စီးမြောက်ကို ထိမှန်ကာ စစ်သား ၈ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ခဲ့သည့် နေရာကို အကြမ်းဖက် စစ်တပ်က မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ် ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ စခတွေကို နာရေးကား ၂ စီးနဲ့ သယ်ဆောင်သွား တယ်။ မိုင်းထိပြီး ကျန်ခဲ့ကားကိုတော့ ညနေပိုင်းမှာ လာပြင်ပြီး ပြန်ယူသွားတယ်။ မိုင်းရှင်း ဖို့ အိမ်စီး ကား ၃ စီး နဲ့ လာတဲ့ စခတွေကို မိုင်းဆွဲတာတော့ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ အတည်ပြုနိုင် တယ်” ဟု နယ်စည်းမခြား စစ်ကိုင်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုများကို နယ်စည်းမခြား စစ်ကိုင်သားများအဖွဲ့နှင့် SGG -Eagle အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...