Dawei News

Dawei News

ထားဝယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၁၀ ဦးသေဆုံး

 

D Day News

ဇွန်လ ၉

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းနှင့် ခြေ လျင် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။

 

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ကျောက်မဲတောင် ရဲစခန်းမှ ထားဝယ်မြို့ဘက်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို ပခပ်ကျေးရွာ လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယင်း ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မ တော် (BHA) တို့က ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်၍ ပြည်သူ များအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များ၏ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန်နှင့် အကြမ်း ဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ နိုင်ငံ၏ နေရာဒေသ အသီးသီးတွင် အဓိကထား အသုံး ပြုတိုက်ခိုက်လာသည့်အတွက်လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်သည့် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ထားကြရန် ဗထူးတပ်မတော် (BHA)က တိုက်တွန်းထားသည်။

 

အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ် ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှု ပေါင်းများ စွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင် ရောက်ကြရန် ဗထူးတပ်မတော် (BHA) က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...