Thet Yet Chaung News

Thet Yet Chaung News

သရက်ချောင်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော် ထိခိုက်သေဆုံး

 

D Day News

ဇွန်လ ၉

 

တနင်္သာရီတိုင်း၊ သရက်ချောင်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော် ထိခိုက် သေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

မေလ ၁၄ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ကမ်းတက် စစ်ကြောင်း ထိုး ဝင်ရောက် လာသောအကြမ်းဖက်စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီး စစ်သင်္ဘောမှ လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူ အမြောက်အမြား အသုံးပြုပြီး တိုက်ခိုက် သော်လည်း တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ ခုခံ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော် အချို့ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့တွင် ကျွဲမင်းကုန်း ကျေးရွာတွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေး ရဲ ဘော် ၃ ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပြီး ရဲဘော် ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်သည် ဇွန်လ ၆ ရက်နေ့တွင် ကျဆုံးသွားကြောင်း၊ ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

“စခတွေ ထိခိုက် သေဆုံးမှုက များတယ်။ ကျွန်တော်တို့ဘက်က ပစ်လို့ထိတာရော သူတို့ လေ ကြောင်း ကြောင့် သူတို့ ထိတာရောပါတယ်။ အဲထိတွေ့ တိုက်ပွဲတွေများ စခ သေတာနဲ့ ဒဏ်ရာရတာ ခန့်မှန်း အနေနဲ့ ၃၀ အထက်လောက်ရှိမယ်” ဟု ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူ တစ် ဦး က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ဖက်ဒရယ်စစ်ကြောင်းနှင့် လက်ရုံးတပ် များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း စတင် ဝင်ရောက်လာသည့် နေ့ရက် မှစ၍ တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် နောက်မဆုတ်ဘဲ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီး အ ကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ သတ် ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများကို အမြောက်အမြား အသုံးပြုခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကာ အိုးအိမ်ပျက်စီးဆုံးရှုံးမှုလည်း များပြားခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...