Shwebo News

Shwebo News

ရွှေဘိုမြို့နယ်၊မြင်းချင်းရွာမှ ကားဖြင့် ထွက်လာသည့် အုပ်ကြီးထွန်းနိုင်ပါ ပျူစောထီး ၃ ဦး ပစ် ခတ်ခံရပြီးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့်ထွက်လာသည့် အုပ်ကြီးထွန်းနိုင်ပါ ပျူစောထီး ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားပြီး AK သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့မတ်လ ၂၈ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာ ပျူစောထီး ၃ ဦး သည် ရွှေဘိုမြို့သို့ သွားရောက်ပြီး လစာထုတ်ရန် မတ်တူးအဖြူရောင်ယာဉ်ကားဖြင့် ကျွန်းတောလမ်း အတိုင်း ထွက်လာစဉ် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးစလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“မြင်းချင်းရွာကနေ ရွှေဘိုမြို့ပေါ်ကို လစာထုတ်ဖို့ ထွက်လာတာ၊ သတင်းရလို့ ကြိုစောင့်ပစ်တာ၊ အမျိုးသမီးတစ်ယောက်၊ အမျိုးသား ၂ ယောက် ပျူတွေချည်းပဲ။ ဂန်းတစ်လက်ရခဲ့တယ်။ ကျွန်းတော ဘက်နားမှာ အသွားကို ဆီးပစ်ခတ်လိုတာ၊ အုပ်ကြီးထွန်းနိုင်ရယ်၊ ကောင်းမြတ်ရယ်နဲ့ အမျိုးသမီး တစ်ယောက်ပါတယ်။ အမျိုးသမီးကလည်း ပျူမပဲ။” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

https://youtu.be/GSIwSrYPaB4

ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော အုပ်ကြီးအပါအဝင် ပျူစောထီး ၃ ဦးအလောင်းများကို ရွှေဘို မြို့မှ စစ်သားများ၊ မြင်းချင်းရွာ၊ ဇီးကုန်းရွာ၊ ပန်းရံရွာတို့မှ ပျူ၊ စစ်သား အင်အား အများအပြားဖြင့် လာရောက်ကာ သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး အစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိခ်အားမာန်၊ မဟူရာ ရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံ အဖွဲ့၊ စွန်ရဲရွှေဘို (LPDF)၊ shwebo Crocodile၊ Young NI၊ ဒေါင်းမင်း အဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ တန ၅ တပ်ပေါင်းစု၊ ရှင်းရှင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)နှင့် ဇာမဏီဒေါင်း(ဒပယ)တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...