Sagaing News

Sagaing News

ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်တို့ရှိ စစ်တပ်စခန်းများကို မေလအတွင်း၌ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၁၀၀ ခန့်သေဆုံး၊ စစ်သားအလောင်း ၃၂ လောင်းနှင့် လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၈

 

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နှင့်မော်လိုက်ခရိုင်တို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို မေလ အတွင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၁၀၀ ခန့်သေဆုံးကာ အလောင်း ၃၂ လောင်း နှင့် လက်နက်မျိုးစုံ ၃၉ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန် သည်။

 

မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာ၊ တီလောင် လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်း ပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ  အကြမ်းဖက်စစ်ကောင် စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးခဲ့ကာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး အလောင်း ၃၂ လောင်း၊ လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ အလုံး ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ခန္တီးခရိုင်တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ် ရင်းများ၊ ခရိုင်/မြိုနယ်/ကျေးရွာ ပကဖ တို့က ဒေသနေပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများဖြင့်တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၉ ဦး နိုင်ငံနှင့် ပြည်သူလူထုအတွက် ‌မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာသာမက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ...