International News

International News

NUG အစိုးရအား တရားအဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်ကို အပြည်ပြည် ဆိုင်ရာ အလုပ်သမား ဥပဒေနှင့်အညီ အရေးယူရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကိုယ်စားလှယ် တိုက်တွန်းတောင်းဆို

 

D Day News

ဇွန်လ ၈

 

NUG အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စုကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားဥပဒေနှင့်အညီ အရေးယူရန် ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကိုယ်စားလှယ် Ms. Nice S. Coronacion, SENTRO က တိုက်တွန်းတောင်းဆိုလိုက်သည်။

 

ဇွန်လ ၃ ရက်နေ့မှစ၍ ဇွန်လ ၁၄ ရက်နေ့အထိ ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th Internation Labour Conference-ILC) ကို ကျင်းပ လျက်ရှိပြီး ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် ညီလာခံ၌ ဖိလစ်ပိုင် အလုပ် သမား သမဂ္ဂ များအဖွဲ့ချုပ် ကိုယ်စားလှယ်  Ms. Nice S. Coronacion, SENTRO က တိုက်တွန်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

“ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်တွေရဲ့ အလုပ်သမားတွေ၊ တက်ကြွလှုပ် ရှားသူတွေနဲ့ ပြည်သူတွေအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်းကို လုံးဝ လက်မ ခံနိုင်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအ မှတ်ပြုရန် တောင်းဆိုပါတယ်၊ NUG နှင့် ၎င်း၏ လုပ်ပိုင်ခွင့်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစဉ် အားလုံး လုပ်ဆောင်ခြင်းဖြင့် အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ ကတိ ကဝတ်များကို ပြသရန် ILO အား ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃ အရ အကြမ်းဖက်စစ်အုပ်စုအား အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့တဲ့မြန် မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI) ရဲ့ တိုက် တွန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ရန် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာ အလုပ်သမား ညီလာခံတွင် ILO အား တောင်းဆိုပါတယ်” ဟု Ms. Nice S. Coronacion, SENTRO က တိုက်တွန်းပြော ကြားသည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသော ILO Convention များဖြစ်သည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ် ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)တို့ကို ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခု နှစ်၊ မတ်လတွင် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိပါတယ်။ ဖိလစ်ပိုင်မှာဆိုရိုးစကားအတိုင်း “ခန္ဓာကိုယ်မှာ အနာတရတစုံတရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခု လုံး ရဲ့ ရောဂါဝေဒနာပါပဲ” ဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲ ခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမား များရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ် တို့ အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။” လို့ ဖိလစ်ပိုင် အလုပ် သမားကိုယ်စားလှယ် Ms. Nice S. Coronacion, SENTRO က ပြောကြားသည်။

 

ယခုကျင်းပလျက်ရှိသော ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ် များလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

စစ်အုပ်စုက အဓမ္မပြုကျင့်ခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းတို့ကို စစ်နည်းဗျူဟာ၊ စစ်လက် နက်အဖြစ် အစဉ်တစိုက် အသုံးချ လာလျက်ရှိပြီး စစ်အုပ်စုကို ချုပ်ငြိမ်းနိုင်မှသာလျှင် ပဋိပက္ခ အ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်နိုင်မည်ဖြစ်ကြောင်း သံအမတ်အကြီး ဦးကျော်မိုး ထွန်းပြော   သံလွင်မြန်မာသတင်း ဇွန်လ ၂၀...