Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်သားတစ်ဦး ကိုယ့်ကိုကိုယ် သေနတ် ဖြင့် ပစ်ပြီး အဆုံးစီရင်

 

D Day News

ဇွန်လ ၇

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ မှ တပ်သားတစ်ဦး ကိုယ်ကို့ကိုယ်သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

ယနေ့ ဇွန် ၇ ရက် နံနက် အစောပိုင်း ၁ နာရီခန့်က တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ ညောင်ပင်ကွင်းတံတားစစ်‌ဆေးရေးဂိတ်တွင် တာ ဝန်ကျနေသူ တပ်သား စိုင်းကိုသည် ၎င်း၏ အထက်အရာရှိများ၏ ဖိနှိပ်ညှင်းပန်းနှိပ်စက်မှုများကို မခံ နိုင်တော့သဖြင့် ကိုယ့်သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်တွင်းအရာရှိများသည် လက်အောက်ငယ်သား များအပေါ် ညှင်းပန်းနှိပ်စက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး ထွက်ပြေးကြသူများလည်း ရှိ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့လည်း အဆိုပါ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ် ရင်း လက်အောက်ခံ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်တစ်ဦးသည် AK သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၈ ယူဆောင်ကာ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ရင်း ၂ ထံတွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...