NUG News

NUG News

NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar delegation တို့ တွေ့ဆုံ

 

D Day News

ဇွန်လ ၆

 

အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ဒီစီမြို့တွင် NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar delegation တို့ တွေ့ဆုံပြီး မြန်မာ့အရေးပွင့်ပွင့်လင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၅ ရက်နေ့က Special Advisory Council for Myanmar အဖွဲ့ delegation သည် Washington D.C မြို့သို့ ရောက်ရှိစဥ် အမျိုးသားညီညွတ်ရေးအစိုးရ ၊ Washington D.C ရုံးသို့ လာ ရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

Ms. Yanghee Lee နှင့် Mr. Chris Sidoti ခေါင်းဆောင်သော Delegation သည် ဒုဝန်ကြီး ဦးမိုးဇော် ဦးနှင့် လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့သော SAC-M ၏ Briefing paper – Effective Control in Myanmar 2024 အကြောင်းနှင့် ပြည်တွင်း လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်မဖြစ်မြောက်စေရန်အတွက် ကရင်မျိုးသားရဲတပ်ဖွဲ့က အတူ တကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၃၄ ကြိမ်မြှောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက အသိပေးထား...