Myaing News

Myaing News

မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စာသင်နေ သည့် စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

 

D Day News

ဇွန်လ ၅

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်နေ့သည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၄ ဦး ထက် မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း Pakokku People Defense Force – PPDF တပ် ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၅ ရက် နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကံမြင့်ကုန်းကျေး ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စာသင်နေသည့် စစ်ဘေးရှောင်ကလေးငယ် အပါအဝင် ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရ သည်။

“စစ်ဘေးရှောင်ကလေးတွေ စာသင်နေတဲ့ ကျောင်းပေါ်ကို ဗုံးသီး ၂ လုံးကျဲချခံရတာ၊ ခန္ဓာကို ပိုင်းပိုင်း ပြတ်ထွက်သွားတာတွေရော၊ ခန္ဓာကိုယ်ပိုင်းအစတွေ အိမ်ခေါ်မိုးပေါ် လွှင့်စင်သွားကျနေတာတွေရော အတော်ဆိုးဆိုးဝါးဝါးကို သေကြရတာ။ သေတာကတော့ မနေ့ကည အထိ ၄ ယောက်သေတယ်၊ ၅ ယောက်လို့လည်းပြောတယ်။ စာသင်နေတဲ့အချိန် ချတာဆိုတော့ ဘောင်းဘီအစိမ်းလေးနဲ့ ကလေး လေးတွေအတော်ဆိုးတယ်” ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် ဝန်းကျင်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၆၀ အရွယ်အဖွား ၁ ဦး၊ အမျိုးသမီး ၂ ဦးပွဲချင်းပြီးသေဆုံးကာ အ လောင်း များမှာ ခွဲခြားမရသဖြင့် အဝတ်အစားများကို ခန့်မှန်းကြည့်ရှုကာခွဲခြားရကြောင်း၊ ခန္ဓာအပိုင်း အစများကို ညနေ ၄ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မြေမြှုပ်သင်္ဂြိုလ်နေစဉ် ကံတော်ကုန်းရွာရှိ အကြမ်းဖက်စစ်တပ်က ကံမြင့်ကုန်းသုဿန်ဘက်သို့ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် ကံမြင့်ကုန်းကျေးရွာအပါအဝင် အနီးတဝိုက် ရှိပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကန်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။ စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ...