Yangon News

Yangon News

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ စစ်တပ်ပိုင် MEC နို့ချက်စက်ရုံနှင့် ရွေပြည်သာ ၂ ရပ်ကွက် အုပ်ချုပ် ရေး မှူးရုံး ကို မိုင်းခွဲ တိုက်ခိုက်

 

D Day News

ဇွန်လ ၅

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ပိုင် MEC နို့ချက်စက်ရုံနှင့် ရွှေပြည်သာ မြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၄ ရက် ည ၉ နာရီ ၃ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် MEC နို့ချက်စက်ရုံကိုလည်းကောင်း၊ ည ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ၏ တပ်ခွဲ Slayers of Tyrants တပ်ခွဲမှ အောင်မြင်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ထောက်တိုင်များ ထိခိုက်သေဆုံးပျက်စီးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်း စွာ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်းရန်အတွက် ၎င်း၏ စီးပွားရေး ထောက်တိုင်များကို တိုက်ခိုက်ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် ပိုင် စီးပွားရေးထောက်တိုင် နေရာများ၊ ထောက်တိုင်အုပ်ချုပ်ရေးမှူးများ၊ အကြမ်းဖက်စစ်သားများ၊ ရဲများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...