NUG News

NUG News

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကြောင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှ ဆုံးရှုံးမှု ကျပ် ဘီလီယံ ၁၀၀ ကျော်ရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၅

 

စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီကြောင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတစ်ခုတည်းတွင် ဆုံးရှုံးမှု ကျပ်ဘီလီယံ ၁၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်ထွန်းအောင်က ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တည်ထောင်ခြင်း (၃) နှစ်ပြည့် ပြည် သူသို့ အစီရင်ခံရာ၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော်တို့မှတ်တမ်းတင်ထားတဲ့အရဆိုရင် စစ်ကိုင်းတိုင်းတစ်ခုထဲမှာပဲ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တစ်ခုတည်းမှာပဲ ပစ္စည်းဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် ဘီလီယံ ၁၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ဒီအရာ တွေ အတွက်လည်း အရေးပေါ် ပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကို အသိပေးလိုပါတယ်။ အထူးသဖြင့် ကျနော်တို့ထိန်းချုပ်တဲ့ဒေသမှာ လျှပ်စစ် ရရှိရေး၊ လမ်းတံတား၊ စစ်ရေးလိုအပ်ချက် ကြောင့်ပဲဖြစ်ပါစေ၊ စစ်ရှောင်လိုအပ်ချက်ကြောင့်ပဲဖြစ်ပါစေ ဒီဟာတွေကို ကူညီလုပ်ဆောင်ပေးနေ တယ်ဆိုတာ အသိပေးလိုပါတယ်” ဟု NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်ထွန်းအောင်က ပြောကြားသည်။

https://youtu.be/4q0_j4DvZZc

ယခုကဲ့သို့ ကူညီလုပ်ဆောင်ပေးနိုင်ခြင်းသည် မြေပြင်၌ အခွန်ဘဏ္ဍာဆိုင်ရာ ယန္တရားလည်ပတ်နိုင် ခြင်း ကြောင့်ဖြစ်ပြီး ၃ နှစ်တာကာလ ပြင်ဆင်ပြီးနောက် လည်ပတ်နေပြီဖြစ်ကြောင်း အသိပေးထား သည်။

 

ထို့အပြင် မြေပြင်မှ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာများသည်လည်း NUG အစိုးရထံ ရောက်ရှိခြင်းမ ရှိပဲ မြေပြင်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များမှ လည်ပတ်ပေးလျက်ရှိ ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူရွာကို ရော့ကတ်လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူ များ ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူရွာကို ရော့ကတ်လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူ များ ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူရွာရှိ စခန်းကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း COBRA ONE တပ်ဖွဲ့ထံမှ သိရ သည်။ ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၉ နာရီ...