Pale News

Pale News

ပုလဲမြို့ထွေအုပ်ရုံးနှင့် ရဲစခန်း၊ ကန်ဒေါင့်ရဲစခန်းနှင့် အင်မထီး ပျူစောထီးကျေးတို့ ကို ၃ ရက် ဆက် တိုက် ပစ်ခတ်တိုက်ခိုက်

 

D Day News

ဇွန်လ ၅

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်း၊ ကန့်ဒေါင့် ရဲစခန်းနှင့် အင်မထီးပျူစောထီးကျေးရွာတို့ကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ၃ ရက်ဆက် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ – ကျားသစ်နက် တပ်မတော်ထံမှ သိရသည်

 

ဇွန်လ ၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းတို့ကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် ၊ Chindwin Toe Na Yar PDF ၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ – ဒေါင်းမင်း နှင့် ROUND TIGER People Defence Force မဟာမိတ်ပူပေါင်းအဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက်နေ့ ညနေ ၃ နာရီမှ ည ၈ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ကို ဖမ်းဆီး သတ်ဖြတ်၊ ပြည်သူအိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသော အင်မထီးပျူစောထီးကျေး ရွာကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၃ ရက် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပုလဲမြို့နယ်၊ကန့်ဒေါင့်စခန်းရှိ အကြမ်းဖက် စစ်သားများကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို အ တည် ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ် ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း- ၁၁ – ကျားသစ်နက်တပ်မတော် ၊ Chindwin Toe Na Yar PDF ၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ – ဒေါင်းမင်း ၊ Ground Tiger People Defence Force နှင့် Brave Eagle Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီး -မုန်းကားလမ်းပိုင်းအား ပြန်လည် ရယူရန်အတွက် ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး

ကျောက်ကြီး -မုန်းကားလမ်းပိုင်းအား ပြန်လည် ရယူရန်အတွက် ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-မုန်း ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်ကို ဒု-ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူး တစ်ဦးအပါအဝင် (၆)ဦး သေဆုံးကာ (၁၆)ဦး ခန့် ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၂ ရက်နေ့က...