Yangon News

Yangon News

မင်္ဂလာဒုံမြို့၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ

 

D Day News

ဇွန်လ ၅

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ တပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိကြောင်း Noka – UG တပ်ဖွဲ့ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၄ ရက် ည ၇ နာရီ မိနစ် ၄၀ အချိန်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ပြင်းအားဖြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံတပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Noka – UG မြို့ပြ ပြောက်ကျားရဲဘော်များက  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Noka – UG ရဲဘော်များ အနေဖြင့် မြို့ပြပြောက်ကျား စစ်ဆင်ရေးကို အရှိန်မြှင့်တင်ကာ အကြမ်းဖက် စစ်တပ် ထောက်တိုင်မှန်သမျှ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရားများနှင့် အနည်းဆုံး မီတာ ၅၀ အကွာအဝေးမှ ရှောင်ရှား သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ် မှူးပြုတ် ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီများ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစားမှုမျးဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution...