Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇွန်လ ၄

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းထဲသို့ ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦးထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်ကစတင်၍ မတ္တရာမြို့နယ်၊ နန်းတော်ကွန်းရွာ ဘုန်းကြီး ကျောင်းထဲ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲသော စစ်တပ်စခန်းထဲသို့ Fixed Wings Drone များဖြင့် ဗုံးသီး ၄ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားမျး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“သေဆုံး ထိခိုက် နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး။ ၈၁ မမ နဲ့တော့ တစ်ညလုံးထုနေ တာ။ ကျနော်တို့ အလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လာရောက် ထောက်ပံ့ပေးပါ၊ ကျနော်တို့ အလုပ်နဲ့ သက်သေပြပေးပါ မယ်” ဟု ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ မတ္တရာမြို့နယ် (ပကဖ)နှင့် နယ်မြေခံပကဖ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး အကြမ်းဖက်စစ်တပ်၏ Jammer ကြောင့် ဒရုန်းတစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ် မှူးပြုတ် ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီများ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစားမှုမျးဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution...