Pale News

Pale News

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းမှ နယ်မြေစုံစမ်းရန် ထွက်လာသည့် ဗိုလ်ကြီးတစ်ဦးကို အရှင်ဖမ်းမိ

 

D Day News

မတ်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းမှ နယ်မြေစုံစမ်းရန် ထွက်လာသော အကြမ်းဖက်စစ် တပ်မှ ဗိုလ်ကြီးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ Plae Joker PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက်နေ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကြောင်းမှူး သုံးပွင့် ဗိုလ် ကြီး ဟိန်းရဲထက်သည် နယ်မြေစုံစမ်းရန် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး အရှေ့ဘက်သို့ ထွက်လာ စဉ်ယင်းမာပင်ခရိုင် တပ်ရင်း အ မှတ် ၁၉ မှ ရဲဘော်များက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သူ့စခန်းရဲ့ ရှေ့ဘက်မှ မိတာပါ။ သူကနယ်မြေစုံစမ်းဖို့ ထွက်လာတော့ သူက အရင်လည်း ထွက်နေ ကျပေါ့။ ပြီးခဲ့ရက်က မိုင်းဆွဲထားတာ သူတို့ ကားနဲ့ ထွက်လာလို့ မိုင်းဆွဲထားတာ ၃ ဦးထိထားသေး တယ်။ သူအဲလို ထွက်နေတယ်ဆိုတာ သိတော့ ကင်းပုန်းချပြီးစောင့်ပြီးတော့ ဖမ်းလိုက်တာပေါ့။ သူ ထွက်လာတုန်းကတော့ မူးနေတာ နောက်မှ သူဖမ်းခံရတယ်ဆိုတာသိတာ၊” ဟု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉ – Pale Joker PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်ဗိုလ်ကို အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ MOD ၏ မူဝါဒအတိုင်း ထိန်းသိမ်းထားကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...