Yesagyo News

Yesagyo News

ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

ဇွန်လ ၃

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ထံမှ သိရ သည်။

 

ယမန်နေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်ခန့်က ပခုက္ကူတပ်မ ၁၀၁ ၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးကျေးရွာနှင့် ဂွေးချိုပျူ‌စောထီးကျေးရွာမှ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၄၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော စစ်သားများကို ဂွက်ကြီးကျေးရွာနှင့် အလယ်သောင်ကျေးရွာကြားအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

 

“ပခုက္ကူတပ်မ ၁၀၁ ကလည်းပါတယ်။ ဆင်ချောင်းနဲ့ ဂွေးချိုပျူရွာက ကောင်တွေလည်းပါတယ်။ အားလုံး ၄၀ လောက်စစ်ကြောင်းတက်လာတာပေါ့၊ အဲဒါကို အသင့်စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တာ။ တစ်ကောင်ကတော့ မျက်မြင်သေဆုံးတယ်။ တိုက်ပွဲထဲမှာ ခွေးတစ်ကောင်ဆွဲတာ မျက်မြင်ပဲတွေ့ခဲ့ ရတာ။ ခွေးစစ်ကြောင်းကတော့ ရှေ့ဆက်ထွက်သွားတာ။” ဟု ရေစကြိပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြုသော G3 ကျည် ဘောက် ၁ ခု၊ G3 ကျည် ၁၀ တောင့်နှင့်အီကွေ့မင့်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...