Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၆ ဦး သေဆုံး

 

D Day News

ဇွန်လ ၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့ကြောင်း Taw Twin Tup Pee Local PDF မှ ထံမှ သိရသည်။

 

ဇွန်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး လမ်းလုံခြုံရေး ယူနေသော အ ကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အနည်းငယ် ထိခိုက်မှုရှိပြီး M 22 သေ နတ် ၁ လက်၊ M16 A4 သေနတ် ၁ လက်၊ ကား ၁ စီး၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည် ၄၀ တောင့်နှင့် 5.56 ကျည် ၁၅၀ တောင့် တော်လှန်ရေး ရဲဘော်များဘက်မှ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Taw Twin Tup Pee Local PDF အဖွဲ့နှင့် Generation Z Powre-GZP (Mandalay) အဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...