Khin U News

Khin U News

ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးတစ်ဦးနှင့်တပ်သားတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် တစ်လက်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး သိမ်းဆည်း ရရှိ၊ စစ်တပ်က ပြည်သူ အချို့ကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

 

D Day News

ဇွန်လ ၃

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး တစ်ဦးနှင့်တပ်သား တစ်ဦး ပစ်ခတ်ခံရပြီး သေနတ် တစ်လက်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးထံက သိရသည်။

 

ယနေ့ ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်က ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ နေရာ ယူထား သည့် ၅ နေရာအနက် ဆေးရုံကြီးနှင့်မီတာ ၁၀၀ ကျော်အကွာအဝေးတနေရာတွင် နေရာ ယူထား သော အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူးတစ်ဦးနှင့် တပ်သား တစ်ဦးသည် မြို့မဈေးဘက်သို့ ဆိုင် ကယ် ဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။

 

ထို့သို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူးနှင့် တပ်သားတို့ကို ခင်ဦးမြို့ပေါ်ရှိ မြို့ပြ ပြောက်ကျား တပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ပေါင်းစုတို့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး စလုံး နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်သားများ ယူဆောင်သည့် MA1 အမျိုးအစား သေနတ် တစ် လက်၊ ဆိုင် ကယ် တစ် စီး၊ဖုန်း တစ်လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရမှုကြောင့် ခင်ဦးမြို့ ဆေးရုံ မီတာ ၁၀၀ ကျော် အနီးရှိ ပြည် သူပိုင် နေအိမ်အချို့ကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးကာ အချို့ပြည်သူများကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...