Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ တံငါဂိတ်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဇွန်လ ၃

 

 

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ တံငါဂိတ်စစ်တပ်အထိုင်စခန်းနှင့် စစ်ကြောင်းကို ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း SSTF – People Police ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၅ နာရီ မိနစ် ၅၀ အကြိမ်တွင် SSTF – People Police လှုပ်ရှား တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်းသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများအား စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်မှ ၁၁ နာရီ မိနစ် ၅၀ အချိန်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

https://youtu.be/sT1xk9cKQ5s

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့များဖြစ်သည့် မတ္တရာမြို့နယ် ပကဖ မှ အကြမ်းဖက်စစ်တပ် အထိုင်စခန်းဖြစ်သည့် တံငါဂိတ်ကို Drone ဗုံးသီး ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တိုက်နယ်(၃) ပကဖ အဖွဲ့မှ ပြန်လည်ဆုတ်ခွာသည့် အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၃၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ် သင်္ဘောများကို မိုင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army- B.H.A တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က...