Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ ပန်းယျရွာ၊ စကျင်ရွာနှင့်တံငါတောင်ရွာရှိ စစ်တပ်အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇွန်လ ၃

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျရွာနှင့် တံငါတောင်ရွာရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းတို့ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရတနာပုံတပ်ဦးထံမှ သိရသည်။

 

မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က မတ္တရာမြို့နယ်၊ ပန်းယျရွာ မြောက်ကျောင်းသို့ ရောက် ရှိနေသော စခများအား Fixed Wings Drone ဖြင့် ဗုံးသီး ၂ လုံး၊ ထို့နောက်ညနေ ၃ နာရီတွင် မတ္တရာ မြို့ နယ်၊ စကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် ဘုန်းကြီးကျောင်းထဲသို့ ဗုံးသီး ၁ လုံး၊ စကျင်ရွာ လမ်းဆုံ၌ ပြည်သူ များကို လက်နက်ပြ အနိုင်ကျင့်၊ ဆက်ကြေး ကောက်သောအကြမ်းဖက်စစ်သား များကို ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မေလ ၃၁ မွန်းလွဲ ၂ နာရီအချိန်တွင်လည်း မတ္တရာမြို့နယ်၊ ပန်းယျရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် သားများအထိုင်ချတပ်စွဲထားသော ရွှေသစ္စာ ဘုရားဝန်းအတွင်းသို့ Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ) ၊ 7 PDF (MDY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စ်စသားများ ထိခိုက် သေ ဆုံးမှုကို အတည်ပြုစုံစမ်းဆဲနေဆဲဖြစ်ကြောင်း သိရသည်။

 

ဇွန်လ ၂ ရက် နံနက် ၁၁ နာရီအချိန်မှစ၍ မတ္တရာမြို့နယ်၊ တံငါတောင်ရွာရှိ စကစ အထိုင်ချတပ်စွဲ ထား သော ဘုန်းကြီး ကျောင်းဝန်းနှင့် ဘုန်းကြီးကျောင်းအကျော် တံတားအဆင်းရှိ အကြမ်းဖက်စစ် သား များကို Fixed Wings Drone ၃ စီးဖြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ)၊ မတ္တရာမြို့နယ်ဒရုန်းတပ်ဖွဲ့ တို့ အတူတကွ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...