Minkin News

Minkin News

မင်းကင်းမြိုနယ်၊ မတောကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သတို့သားအပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံး

 

D Day News

ဇွန်လ ၃

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ ကျင်းပလျက်ရှိသော မင်္ဂလာဆောင်ပွဲ တစ်ခုကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သတိုးသားအပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၃ ရက် နံနက် ၈ နာရီခွဲခန့်က မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် မင်္ဂလာဆောင်ပွဲ တစ်ခု ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲ ချခဲ့ရာမင်္ဂလာဆောင် မဏ္ဍပ်ပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး သတို့သားအပါအဝင် ပြည် သူ ၂၀ ကျော်သေဆုံး ခဲ့ကြောင်း သိရသည်။

 

“ဒီ မနက် ၈ ခွဲလောက်နေမယ်။ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာကျဲ သွားတာ တလုံးက မဏ္ဍပ်ကို တည့်တည့် ထိမှန်ပေါက်ကွဲတာ၊ နောက်တလုံးကမပေါက်ကွဲဘူး သတို့သားဖြစ်သူပါ သေ ဆုံး၊ သေတဲ့သူတွေက မြင့်တက်လာနိုင်တယ်။ ဒဏ်ရာရသူတွေလဲများတယ်”ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

မင်းကင်းမြို့နယ်တွင် အင်တာနက်လိုင်း ဖုန်းလိုင်းများ ပိတ်ခံထားရပြီး ဆက်သွယ်ရေးခက်ခဲသဖြင့် သတင်းအတိအကျ ရရှိနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...