Pale News

Pale News

ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်(ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားသစ်နက်တပ်မတော်ထံမှ သိရသည်။

 

ယမန်နေ့မတ်လ ၂၇ ရက်နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှ စတင်ပြီး ကျရောက်သော ဖက်ဆစ်တော် လှန်ရေး နေ့အထိမ်းအမှတ်အဖြစ် ပုလဲ မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ ကာကွယ်ရေးတပ်တော်ပူးပေါင်း တပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်အထိကြာမြင့်ခဲ့ကြောင်း သိရ သည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုများပြားကာ စစ်တပ် စခန်းများ သိမ်းပိုက်ရရှိနိုင်သည်အထိ အသာစီးရရှိခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှု ကြောင့် ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်၊ အတိအကျ မသိရသေးတာပါ၊ ကျည်က အကုန်လုံးကို ကုန်သွားတော့တာ၊ ဒီနေ့ပွဲမှာဆိုရင် အရင်က ရှိတဲ့ ကျည်အပြင် နောက်ထပ် ကျည် ၁၀၀၀ လောက် ထပ် ဝယ်လိုက်ရသေးတယ်၊ ကျည်တစ်တောင့်ကို ၁၂၀၀၀ လောက်ပေးဝယ်ရတာ၊” ဟု ကျားသစ် နက် တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

https://youtu.be/S8tMsnP94-M

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် Blcak Leopard Army ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့၊ ဒို့အညာပြောက်ကျားတပ်ဖွဲ့၊ 96 Soldiers နှင့် Scarlet တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း ပေါင်း တည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -...