Moe Meik News

Moe Meik News

မိုးမိတ်မြို့၌ တပ်စွဲထားသော စစ်သားများက ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ကျေးရွာတို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

 

D Day News

မေလ ၃၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

မေလ ၂၉ ရက် နံနက် ၁ နာရီခွဲခန့်က မိုးမိတ်မြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့က ကုန်းမိုင်ကျေးရွာဘက်သို့ ကုန်မိုင်ကျေးရွာဘက်သို့ လက်နက်ကြီး ၄ ကြိမ် ထက် မနည်းပစ် ခတ်တိုက်ခိုက်ခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ဒေသနေ ပြည်သူ များမှာ ကြောက်ရွှံ့ထိတ်လန့်နေကြရကြောင်း သိရသည်။

 

ထို့အပြင် ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများက မိုးမိတ်မြို့အတွင်းသို့လည်း လက်နက်ငယ် များဖြင့် အကြိမ်ပေါင်းများစွာ တစ်ဖက်သက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိ မိုးမိတ်မြို့၌ တပ်စွဲ‌အခြေချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့အတွင်းနှင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုရှိရာ ကျေးရွာများသို့  လက်နက်ကြီး၊ လက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိပြီး ဒေသနေပြည်သူများမှ စိုးရိမ်ကြောက်ရွံစွာဖြင့် နေထိုင်ကြရကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...