Bago Region News

Bago Region News

ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို ၄ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၃၅ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

 

D Day News

မေလ ၃၁

 

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မေလ ၂၆ ရက်နံနက် ၁၀ နာရီခန့်က ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမ မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်သို့ တက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၇ မိုင် သို့ စစ်ကား ၆ စီး နှင့်အတူ ခြေလျင်တက်လာသည့် အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၃ လုံး ဖြင့် စောင့်ကြို မိုင်းဆွဲ၍ ၄၀ မမ ဗုံးသီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား  ၅ ဦး နေ ရာမှာပင် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၈ မိုင် အနီးရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ယာယီစခန်းသို့ တက်လာသော အကြမ်းဖက်စစ်သားများကို ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ရာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြုတိုက် ခိုက်ခဲ့သဖြင့် လက်နက်အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ လက်လုပ် သေနတ် ၃ လက်နှင့် ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မေလ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် မြိုချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်သို့ တက်လာ သည့် ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို အစောင့်ကြို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ နာရီခန့် အကြာတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ပြီး မိဘပြည်သူများ အနေဖြင့် ရိုးမအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...