Monywa News

Monywa News

မုံရွာမြို့ပတ်လမ်းပေါ်တွင် ကင်းလှည့်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး၊ သေနတ် ၄ လက်သိမ်းဆည်းရရှိ

 

D Day News

မေလ ၃၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပတ်လမ်းပေါ်တွင် ကင်းလှည့်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့ထံမှ သိရသည်။

 

မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်ခန့်တွင် မုံရွာမြို့ပတ်လမ်း၌ အိမ်စီးကားအဖြူရောင်ဖြင့် ကင်းလှည့် နေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ပြည်သူ့ကာ ကွယ်ရေးပူး ပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက် ခိုက်ရာ ပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီလက်အောက်ခံရဲ ၄ ဦးထံမှ G-3 သေနတ် ၁ လက်၊ M4A-1 သေနတ် ၁ လက်၊ MA-13 သေနတ် ၂ လက်၊ ၉ မမ ကျည် ၅၀ တောင့်၊ 5.56 နေတိုးကျည် ၁၁၈ တောင့်နှင့် ဖုန်း ၄ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team မှ ကိုမိုးကောင်း ( DLMT) ဦးဆောင်သော တပ်စိတ် ၊ မုံရွာမြို့နယ် ပလဖအဖွဲ့နှင့် ဘုတလင် Mobile Team တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...