PNLA News

PNLA News

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပြည်သူတစ်ဦးကို ဖမ်းဆီးသတ် ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ

 

D Day News

မေလ ၃၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ခရီးသွားပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံက သိရသည်။

 

မေလ ၂၉ ရက်နေ့က ဖက်နမ်ကျေးရွာအနီးတွင် ခရီးသွားလာသည့် သာမန် အရပ်သား ပြည်သူ ၁ ဦးကို အကြမ်ဖမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ် ဖြတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ ဖက်နမ်ကျေးရွာသား မဟုတ်ပဲ ခရီးသွားပြည်သူ တစ်ဦး သာ ဖြစ်သည်ဟု စုံစမ်းသိရပြီး သတ်ဖြတ်ခံရသူ၏ အမည်၊ အသက်၊ နေရပ်လိပ်စာ စသည့် အသေးစိတ်အချက် အ လက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ပြောဆိုထားသည်။

 

ထို့အပြင် မေလ ၂၉ ရက် ညနေ ၄ နာရီမှ ၈ နာရီအထိ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ပင်မူး ကျေးရွာတွင် အထိုင်ချထားသော PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

 

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေး နေရ သူ ပြည်သူ ၁၀၀၀ ကျော်ရှိပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်အချက်အလက်ကိုလည်း ဆက်လက် စုံ စမ်း နေဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...