Yangon News

Yangon News

တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ် သားများကို ဗုံးပစ်တိုက်ခိုက်

 

D Day News

မေလ ၃၀

 

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ် စောင့် စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army – YA ထံမှ သိရသည်။

 

ယနေ့ မေလ ၂၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း မပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုပိုင် မြဝတီဘဏ်စောင့် စစ်သားများကို ပြင်းအားမြင့် လက်ပစ်ဗုံးဖြင့် ပစ်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး လုံခြုံရေးစောင့် အကြမ်းဖက်စစ်သားများ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် Yangon Army (YA) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူကို ဒုက္ခအမျိုးမျိုးပေးဖိနှိပ်နေသော အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဆက်စပ်နေ သည့်သူများအားလုံးနှင့် မတရား ဥပဒေထုတ်ပြီး ပြည်သူကို စစ်မှုထမ်းရေး အားပေးအားမြှောက် ပြု နေသူအားလုံးကို ထိထိရောက်ရောက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ် ပစ်မှတ်အကြီး စားများကိုလည်း မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အလားတူ ယမန်နေ့ ည ၁၁ နာရီ ၃ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းတို့တွင် ဗုံးပေါက်ကွဲသံ ၂ ချက် ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသနေပြည် သူများထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...