Taunggoo News

Taunggoo News

အုတ်တွင်းမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်းဟောင်းပေါ်တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး၊ ရဲကား မီးလောင်ပျက်စီး

 

D Day News

မေလ ၂၉

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် -မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၄ အနီးတွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။

 

မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က အုတ်တွင်းမြို့နယ်၊ ပိတောက်ခင်ကျေးရွာနှင့် ကြက်တက်ညောင် ပင်ကျေးရွာကြား ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်တွင် ကင်းလှည့်လာသော ရဲကား တစ်စီးကို ကင်းပုန်းဝပ်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲ ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ ကင်းလှည့်ရဲကားပါ မီးလောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ခိုက်ခံရသည့် နေရာသို့ ဇီးပင်သာရဲကင်းစခန်းနှင့် ဗောဓိကုန်း ရဲကင်းစခန်းမှ စစ်ကူရဲကား များ ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

 

ပဲခူးရိုးမရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အမြန်လမ်းပေါ်တွင် သွားလာမှုများကို သတိ ပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် လိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...