CDM News

CDM News

ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

 

D Day News

မေလ ၂၉

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက် လာခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ထံမှ သိရသည်။

 

မေလ ၂၆ ရက်နေ့က ဆားလင်းကြီးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ထူး ကောင်း ဆက်သည် G3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခု ကိုယူဆောင် ပြီး ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၄ Salingyi Revolution Eagles တပ်ဖွဲ့ထံသို့ အ လင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ အလင်းဝင်ရောက်လာသည့် ရဲတပ်သား ထူးကောင်းဆက်ကို ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ် ရင်း က ဆုငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး လုံခြုံဘေးကင်းသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု ဆို သည်။

 

ပြည်သူလူထုနှင့်အတူ ရပ်တည်လာသော CDM သူရဲကောင်းများအား မိဘပြည်သူများက တတ်နိုင်သ မျှ ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြပါရန် ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း က မေတ္တာရပ်ခံထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...