TNLA News

TNLA News

တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် တအာင်းပြည်သူလူထုက ကာကွယ်စောင့် ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောဆို

 

D Day News

မတ်လ ၂၈

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နှင့် တအာင်းပြည်သူ လူ ထုက ကာကွယ်စောင့် ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ပြောကြားသည်။

 

မတ်လ ၂၆ ရက်နေ့တွင် နမ့်ဆန်မြိုနယ်ရှိ ဒေသနေပြည်သူလူထုနှင့် ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်များကများ တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်စဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အသက်သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးတွေရဲ့ ဒေသ တစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ ဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေ စုပေါင်းကာ အတူ တကွကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်”ဟု PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားခဲ့သည်။

 

အဆိုပါ လူထုတွေ့ဆုံပွဲသို PSLF/TNLA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေ အတွင်း ရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ စုမှ ဒေသနေ ပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ဒေသနေပြည်သူများက လည်း လိုအပ်သည်များကိုရှင်းလင်းတင်ပြခဲ့ပြီး သိရှိလိုသည်များကိုကိုလည်း မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲတွင် တအာင်းဒေသအတွင်းရှိ လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင့်တင်သွားရန်နှင့် ပညာ ရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ အကောင်းဆုံးဖြစ်ရန် စနစ်တကျစီမံသွားမည်ဟု PSLF/ TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော် က ပြောကြားခဲ့ကြောင်း သိရသည်။

 

မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ပြီး စည်းစည်းလုံးလုံးနေထိုင်သွားကြရန် PSLF/TNLA စစ်ဦး စီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မှာကြားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ကြေညာ၊ ပထမ ပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်မည်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ အကြမ်းဖက်စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမပိုင်းအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွှတ်တော်အသီးအသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း ၁...