Yangon News

Yangon News

လှိုင်သာယာစည်ပင်ရုံးနှင့် မင်္ဂလာဒုံရှိ စစ်တပ်ထောက်တိုင်အာမီရမ်စက်ရုံကို ဗုံးခွဲတိုက်ခိုက်မှု ကင်း စောင့်စစ်သား တစ်ဦးဒဏ်ရာရ

 

D Day News

မေလ ၂၈

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာရေးရုံးနှင့် မင်္ဂလာဒုံရှိ စစ်တပ်ထောက်တိုင် အာမီရမ် စက်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲရာ ကင်းစောင့်စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက် ကျား တပ်ဖွဲ့များထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၇ ရက်ည ၇ နာရီ ၂၃ မိနစ်အချိန်က လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ မကွေးလမ်းပေါ်ရှိ လှိုင်သာယာမြို့နယ်စည်ပင်သာယာရေးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဗုံးပေါက်ကွဲသည့်နေရာကို လာရောက်စစ်ဆေးသည့် အကြမ်းဖက်စစ်သားများကို ည ၇ နာရီ ၄၇ မိနစ်အချိန်တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးသည် အကြမ်းဖက် စစ်ကောင်စီ၏ အမိန့်ကိုနာခံကာ လှိုင် သာယာမြို့နယ်၊ အပြင်ပဒံ ကျွန်းကြီးကျေးရွာရှိ မိဘပြည်သူ့များ၏ အိုးအိမ်များကို မတရားသဖြင့် အနိုင်ကျင့်ဖျက်စီးရာတွင် ပါဝင်ခဲ့သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ပါဝင်သော စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို လက်နက်အားကိုး၊ စစ်တပ်အားကိုးဖြင့် အကြမ်းဖက် အနိုင်ကျင့်နေသော လှိုင်သာယာမြို့နယ်အတွင်းမှ လူမိုက်အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်များ ကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် အာမီရမ် စက်ရုံရှေ့ရှိ ကင်းတဲကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် စစ်သား ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့‌ ကြောင်း သိရသည်။

 

မေလ ၂၅ ရက် ည ၉ နာရီ ၅ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ် အကြမ်း ဖက်စစ်ကောင်စီ၏ ထောက်တိုင် အာမီရမ်စက်ရုံရှေ့ရှိ ကင်းစခန်းကို အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ လုံးပေါက်ကွဲခဲ့ပြီး ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ပြီး ရန်ကုန်တိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဆက်လက် တိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း မြောက်ဥကလာပမြို့နယ်ပြည်သူကာကွယ်ရေး ၂ (ပ.က.ဖ) က အသိပေးပြောဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...