Bago News

Bago News

စစ်တောင်းမြစ်ဝှမ်း၊ ကျောက်တံခါး၊ ဖာပွန်မြို့သိမ်းတိုက်ပွဲတို့တွင် ပါဝင်လျက်ရှိပြီး စစ်ဆင်ရေးကာလတစ်နှစ်အတွင်း ရဲဘော် ၇ ဦးကျဆုံးခဲ့ဟု တော်ဝင်ဒေါင်းစစ်ကြောင်းထုတ်ပြန်

 

D Day News

မေလ ၂၇

 

စစ်တောင်းမြစ်ဝှမ်းနှင့်ပဲခူးတိုင်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့် စစ်ဆင်ရေးတစ်နှစ်ကျော်ကာလ အတွင်း ရဲဘော် ၇ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက ယနေ့ မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

 

Royal Peacock Column (တော်ဝင်ဒေါင်း စစ်ကြောင်း)သည် KNU တပ်မဟာ(၅) နယ်မြေတွင် စတင်စုဖွဲ့ခဲ့ပြီး စစ်ဆင်ရေးအတွက် စစ်တောင်းမြစ်ဝှမ်းနှင့်ပဲခူးတိုင်းအတွင်းသို့ စတင်ဝင်ရောက်လာ သည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော် အချိန်ကာလထဲသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

ယင်းစစ်ဆင်ရေး တစ်နှစ်ကာလအတွင်း စစ်တောင်းမြစ် အရှေ့နှင့်အနောက်၊ ရန်ကုန်-မန္တလေးလမ်း ဟောင်း၊ ပဲခူးတိုင်းအတွင်းရှိ မြို့သိမ်း စစ်ဆင်ရေးများ နှင့် တပ်မဟာ (၅) နယ်မြေများ ရှိ စစ်ဆင်ရေး များတွင် မဟာမိတ်တပ်များနှင့်ပူးတွဲကာ စစ်ဆင်ရေးတာဝန်များကို ဆောင်ရွက်လျက်ရှိသည်ဟု ဆို သည်။

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်ရှိ စစ်ကောင်စီ ပစ်မှတ်များ၊ နတ်သံကွင်းမြို့၊ မုန်းမြို့ ၊ ဇရပ်ကြီးမြို့ အတွင်းရှိ ခလရ (၇၃)တပ်ရင်း၊ ဖြူးမြို့ ညောင်ပင်သာရဲစခန်း နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း ဟောင်း ထိန်းချုပ်ရေးရည်မှန်းချက်မှ နတ်သံကွင်း ပဲနွယ်ကုန်း လမ်းပိုင်း စိုးမိုးနိုင် ရေး စသည့်စစ်ဆင် ရေးများနှင့် လက်ရှိ ဖာပွန်မြို့ သိမ်း စသည့် စစ်ဆင်ရေးများတွင် တော်ဝင် ဒေါင်းစစ်ကြောင်းမှ ခြေသံ လုံလုံဖြင့်အောင်ပွဲများဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။

စစ်ဆင်ရေးတာဝန်များစတင် ထမ်းဆောင်သည့်ကာလမှစ၍ တော်ဝင်ဒေါင်း စစ်ကြောင်းတပ်ရင်းမှ ရဲဘော် (၇)ဦး ဖြစ်သည့် ရဲဘော်ဗန်ရှည်၊ ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊ ရဲဘော်စာကလေး၊ ရဲဘော် ဘီးကျဲ၊ ရဲဘော်ဘေကြီးနှင့် ရဲဘော် ကိုငှက်တို့သည် စစ်ဆင်ရေးများအတွင်း ရဲရင့်စွာတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

လက်ရှိအချိန်တွင်လည် စစ်ဆင်ရေးတာဝန်များအပြင်ထိန်းချုပ်နယ်မြေများ၏ နယ်မြေလုံခြုံရေးနှင့် ပြည်သူလူထုအခြေပြု အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 

တပ်ရင်းအတွင်း လိုအပ်ချက်များကို ကူညီလိုသည့် တော်လှန် ပြည်သူများအနေဖြင့် တော်ဝင်ဒေါင်း စစ်ကြောင်း၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတဆင့် ချိတ်ဆက် ကာ တော်လှန်ရေးလုပ်ငန်း တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ကြောင်း၊ လုပ်ငန်းတာဝန်များအား ဆောင်ရွက်နိုင်ရေးအတွက် အ ဖက်ဖက်မှ ပါဝင်ကူညီပေးလျက်ရှိသော ပြည်သူလူထုများအား မှတ်တမ်းတင်ဂုဏ်ပြုကာ ကျေးဇူး အထူးပင် တင်ရှိပါကြောင်း အသိပေးထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...