Chin State Education News

Chin State Education News

အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ရန် အထူးအစီအစဉ်များ ရေးဆွဲပေးရန် အချက်ပါရှိသည့် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ် ကနဦး မူကြမ်းရေးပြီးကြောင်း ထုတ်ပြန်

 

D Day News

မေလ ၂၇

 

အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ရန် အထူးအစီအစဉ်များ ရေးဆွဲပေးရန် အချက်ပါရှိသည့် ချင်းပြည်နယ်အတွင်း သင်ကြားမည့် ချင်းတက္ကသိုလ် ပဋိညာဉ် ကနဦး မူ ကြမ်းရေးဆွဲပြီးကြောင်း ချင်းပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာ သင် ယူ ခွင့်ရရှိနိုင်စေရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြင့် ပညာအ လုပ် ရုံ ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက် နှင့် ၂၄ ရက်နေ့တို့တွင် လောက်တူဒေသ၊ နှာရိန်မြို့ ၌ ကျင်းပပြုလုပ် ကာ ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်ကနဦးမူကြမ်း (The Chin National University (CNU) Charter-Zero Draft) ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြေပြင်နှင့် အွန်လိုင်းပေါင်းစပ်ပြုလုပ်ခြင်းဖြစ်ပြီး ဆရာကြီး ဒေါက်တာ သိန်းလွင်က အွန်လိုင်းဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

၁။ ဤတက္ကသိုလ်သည် ဝေဖန်ပိုင်းခြားနိုင်သော ဆင်ခြင်တုံတရားဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှု၊ သုတေ သန တိုးတက်မှုတို့ကို ကျောင်းသား၊ ကျောင်းသူများ ရယူနိုင်စေရန်။

 

၂။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို တန်းဖိုးထားပြီး သဟဇာတကျမှုကို အစဉ်လေးစား သော Learning Society ကို ဖန်တီးရန်။

 

၃။ ဆန်းသစ်မြန်ဆန်သော ခေတ်နည်းပညာစိန်ခေါ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နည်းစနစ် ကျစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်။

 

မျှော်မှန်းထားကြောင်း သိရသည်။

 

၁။ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ် နည်း များအား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်။

 

၂။ အရည်အသွေးအာမခံချက်ရှိသော လွတ်လပ်စွာ ပညာသင်ယူနိုင်သည့် လူတိုင်းလက်လှမ်းမီ ပညာ သင်ယူရေး စင်္ကြံ (Learning platform) တခု ဖန်တီးအကောင်အထည်ဖော်နိုင်ရန်။

 

၃။ ဘဝတသက်တာပညာသင်ယူမှုကို အားပေးရန်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို အ ထောက်အကူ ပြု စေမည့် တက္ကသိုလ်ဖြစ်ရန်။

 

၄။ အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူ များအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ဖို့ အထူးအစီအစဉ်များ ရေးဆွဲပေးရန်။

 

၅။ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ရန်။

 

၆။ အရည်အသွေးအာမခံသော အဆင့်မြင့်ပညာသင်ရပ်ဝန်း တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟုဆိုသည်။

 

လိုက်နာရမည့် စံတန်ဖိုးများမှာ –

၁။ ပညာကို ချစ်မြတ်နိုးမှု (Wisdom)

၂။ လွတ်လပ်မှု (Freedom)

၃။ ပြည်သူကို အလုပ်ကျွေးပြုမှု (Service)

၄။ လူ့အခွင့်အရေး (Right to education)

 

တို့ဖြစ်ပြီး

 

ချင်းအမျိုးသားတက္ကသိုလ်၏ဆောင်ပုဒ်မှာ-

 

မြန်မာလို (အလင်းနှင့် သမ္မာတရား)

အင်္ဂလိပ်လို (Light and Truth)

 

လက်တင်လို (Lux et veritas)

အဖြစ်သတ်မှတ်ထားကြောင်း ချင်းပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...