PNLA News

PNLA News

ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များက ပြည်သူများကို ပြန်ပေးဆွဲကာ ငွေညှစ်တောင်း၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေ

 

D Day News

မေလ ၂၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များက ပြည်သူများကို ပြန်ပေးဆွဲကာ ငွေညှစ်တောင်းခံမှု များ ပြုလုပ်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်

 

မေလ ၂၂ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နမ့်စေးမဲကျေးရွာမှ အသက်၅၀ အရွယ် ခွန်းဝင်းနိုင်သည် ဝက်ခြံ တွင် ဝက်စာကျွေးနေစဉ် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးခံရပြီးနောက် PNO ပြည်သူ့စစ်အား ငွေ သိန်း ၁၀၀ နှင့် ကားတစီး ပေးကာ ခွန်ဝင်းနိုင် ကို မိသားစုဝင်များက ပြန်လည်ရွေးခဲ့ရကြောင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် ခွန်ဝင်းနိုင်ကို သွား ရောက်ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ် ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူ၏ ပေါင်၌ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် မေလ ၂၂ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး အသက် ၅၀ အရွယ် ဦးထက်နိုင် ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ပြန် ပေး ဆွဲသွားခဲ့သည့်အပြင် ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကား၊ ဆိုင် ကယ်များကိုလည်း အကုန်ယူဆောင်သွားကြောင်း သိရသည်။

 

PNO ပြည်သူ့စစ်က ဦးထက်နိုင်ကို ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရွာသူ ရွာသားများက လိုက်သွားရာတွင် PNO ပြည်သူ့စစ်အဖွဲက ရွာသူ ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် သင်္ချိုင်းကုန်းထဲထိ မလိုက်သွားနိုင်ခဲ့ဟု ဆိုသည်။

 

“ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲ ဖမ်းသွားတော့ ရွာသူရွာသားတွေ လိုက်သွားတာ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို ဆက်လိုက်လို မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး။”ဟုဒေသနေပြည်သူ တစ်ဦး ကပြော ကြား သည်။

 

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် များက ဖမ်းဆီးသွားသည့် နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းလည်းမရှိသလို မိသားစုများနှင့် အဆက်အသွယ်လည်း မရရှိသေးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...