Kyun Su News

Kyun Su News

ကျွန်းစုမြို့နယ်၊ မူးယစ်ဆေးဝါးရောင်းချနေသူ ၄ ဦးကို ဖမ်းမိ၊ ဖမ်းမိမူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီး

 

D Day News

မေလ ၂၆

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် ကျေးရွာများအတွင်း မူးယစ်ဆေးဝါးရောင်ချနေသူ ၄ ဦးကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၂၂ ရက်နေ့က ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်း အရ သွားရောက်ဖမ်းဆီးရာ အမျိုးသား ၃ ဦးကို WY မူးယစ်ဆေးပြား ၁၁၄၀ နှင့်အတူ ဖမ်းဆီး ရရှိခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးရရှိသူ ၃ ဦးကို ထိုက်သင့်သော ပြစ်ဒဏ်များပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းချ ဖြန့်ဖြူးခြင်း လုံးဝမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး သတိပေးကာ သိမ်း ဆည်းရရှိသော မူးယစ်ဆေးဝါးများကို တရားခံများ၏ ရှေ့မှောက်၌ပင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်း စု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

အလားတူ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ကျွဲခရံအုပ်စု၊ ယမုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေသူ အသက် ၃၉ နှစ်အရွယ်အမျိုးသားတစ်ဦးကို WY စိတ်ကြွဆေးပြား အလုံးရေ ၇၀ နှင့်အတူ ဖမ်းမိခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

 

ဖမ်းဆီးရရှိသောအမျိုးသားကို ထိုက်သင့်သော ပြစ်ဒဏ်ပေး၍ နောက်မူးယစ်ဆေးဝါးရောင်းချခြင်း မပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ လူငယ် လူရွယ်များ အကျင့်စာရိတ္တပျက်စီးစေရန် ရည်ရွယ်ချက်လုပ်နေပြီး မိဘပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးရောင်းချသူများကို တိုင်တန်းပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး...