Thae Khone News

Thae Khone News

သဲကုန်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို အတင်းအဓမ္မစစ်သားစုဆောင်း ပေးနေသူ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေလ ၂၃

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို အတင်း အဓမ္မစစ်သားအဖြစ် စုဆောင်းပေးနေသူ မျိုးထွန်းကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာမှာပင် ပွဲချင်း ပြီးသေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်း ထံမှ သိရသည်။

 

ယနေ့ မေလ ၂၃ ရက် နံနက် ၆ နာရီ မိနစ်အချိန် သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်းအား ၎င်း၏ နေအိမ်ရှေ့လမ်းမပေါ်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ WISDOM (2) အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရာနေရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်မှုထမ်းဆောင်းရာတွင် အုပ်စုအတွင်းရှိ ပြည်သူ များကို အတင်းအဓမ္မခေါ်ယူစုဆောင်းပေးခြင်း၊ ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ မိသားစုဝင်များကို နေထိုင်၍မရအောင် စစ်ကောင်စီထံသတင်ပေးပို့ခြင်း၊ အုပ်စုအတွင်း လောင်းက စားဝိုင်းများထောင်ကာ စစ်ကောင်စီကို ထောက်ပံ့ပေးနေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက ထုတ်ပြန် ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် များဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ပြီး ကျန်ရှိနေသည့် ရပ် ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက် စစ်တပ် လက်အောက်မှ အမြန်ဆုံးရုန်းထွက် ကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ကြရန် သတိပေးတိုက်တွန်းထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...