Oak Phoe News

Oak Phoe News

အုတ်ဖိုမြို့နယ်တွင် သစ်ခိုးထုတ်ရင်း အကြမ်းဖက်စစ်တပ်ထံ သတင်ပေးပို့နေသည့် ပျူသန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေလ ၂၃

 

ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ ထန်းပင်ကုန်းရွာအရှေ့ဘက် အုန်းတောကျွန်းစိုက်ခင်းအနီး၌ သစ်ခိုးထုတ် ရင်း အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့နေသည့် ပျူသန်းဇော်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရသည်။

 

မေလ ၂၂ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် အုတ်ဖိုမြို့နယ်၊ချောင်းဂေါင်းအုပ်စု၊ မီးချောင်းတင် ကျေး ရွာနေ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီး သန်းဇော်သည် ဖောကားဖြင့် ပဲရိုးမ အတွင်းမှ သစ်များခိုးထုတ်ပြီး ပြန်လာစဉ် ထန်းပင်ကုန်းရွာအရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီး အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ ရာ နေမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ပျူစောထီး သန်းဇော် မောင်းနှင်လာသည့် ဖောကားအား မီးရှို့ ရှင်း လင်းလိုက်ပြီး မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် မှတ်ပုံတင် ၁ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ပျူစောထီး သန်းဇော်သည် အကြမ်းဖက်စစ်ကောင်စီထံ မမှန်သတင်းပေး ဖမ်းဆီးခိုင်း ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား အကြမ်းဖက်စစ်ကောင်စီထံ ထောက်လှမ်းပေး ပို့ခြင်း၊ အကြမ်းဖက်စစ်သားများကို ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင် ပေးနေသည့်အပြင် အကြမ်းဖက်စစ်တပ်နှင့်ပေါင်းကာ ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများ လုပ်ဆောင် နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...