Ngazun News

Ngazun News

ငါန်းဇွန်မြို့နယ်တွင် စစ်သား ၅၀ ခန့်လိုက်ပါလာသော ဒိုင်နာကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု ထိ ခိုက် သေဆုံးမှုရှိ (ရုပ်သံ)

 

D Day News

မေလ ၂၃

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်စစ်သား ၅၀ ခန့်လိုက်ပါလာသော ဒိုင်နာကားတစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

မေလ ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာဘက်သို့ အင် အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး ၁၂ ပေ ဒိုင်နာကားဖြင့် မြို့သာမြို့ဘက်သို့ ပြန်လာစဉ် ပဒေသာ မိုင်း ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး အော်ဟစ်ညည်းညူသံများနှင့်အတူ ဂွေးကုန်းအထိုင်စခန်းအထိ အလျင်အမြန် မောင်းပြေးသွားကြောင်း သိရသည်။

https://youtu.be/vFRxJsoE9vY

“စစ်ကြောင်းထိုးဖို့ ဝင်လာတာပေါ့။ အလာတုန်းကတော့ လျှပ်တပြက်ဝင်လာတာမို့ မဆွဲလိုက်ရဘူး။ ပြန်ထွက် လာမှဆွဲခဲ့လိုက်ရတာ၊ မိုင်းကွင်းအလယ်တည့်တည့်မိတာလည်းဟုတ်တယ်။ ကားနောက် ခန်း ထဲကိုလည်း ရှေ့ထွက်နဲ့ ကွက်တိဝင်သွားအောင်ဆွဲနိုင်လိုက်တယ်။ အသေအပျောက်ကို အတိ အကျ မသိရဘူး။ ကားပေါ်မှာတော့ အော်ဟစ်နေတာ ညံပွတ်နေတာပဲ၊သေတဲ့သူတွေလည်းတော် တော်များများသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သတင်းရထားတယ်။ သတင်းလက် စဖျောက်ဖို့ ဘယ်ဆေးရုံမှ မသွားပဲ ဂွေးကုန်းကို တန်းမောင်းသွားတာ၊ သတင်းလက်စဖျောက်ချင် တော့ မြို့သာဆေးရုံကို မဝင်တော့ဘူး။ ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများထွက်ပြေးသွားသည့် ဂွေးကုန်းကျေးရွာသည် ငါဇွန်မြို့နယ်အတွင်းပါရှိသော် လည်း တံတားဦးမြို့နယ်အစပ်တွင် တည်ရှိကြောင်း၊အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ် ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...