Mindone News

Mindone News

မင်းတုန်းမြို့နယ်၊ တိုင်းတားရွာအနီး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံး

 

D Day News

မတ်လ ၂၇

 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတားကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၆ ရက် ည ၈ နာရီခွဲခန့်က မင်းတုန်းမြို့နယ် တိုင်တားကျေးရွာ အနောက်ဘက်ရှိ ဘုရားကုန်းအနီးတွင် ကင်းပုန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပတ်ကင်းထွက်စဉ် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သူတို့က တိုင်တားရွာမှာ အင်အား ၁၀၀ လောက်နဲ့ စခန်းချထားတာ ၂ ပတ်လောက်ရှိပြီ။ သူတို့က ရွာမြောက်ဘက်ကို ထွက်ပြီးတော့လည်း ကင်းပုန်းဝပ်တာရှိတယ်၊ ရွာအနောက်ဘက်ကိုလည်း ထွက် ပြီးတော့ ကင်းပုန်းဝပ်တာရှိတယ်ဗျ၊ ရွာအနောက်ဘက် ဘုရားကုန်းနားမှာ ကင်းပုန်းဝပ်တာရှိတယ်၊ အဲဒီဘုရားကုန်းနဲ့ မီတာ ၃၀၀ ဝန်းကျင်လောက်မှာ ရောက်တဲ့အချိန် မသင်ကာစရာရှိလို့ ကြည့်လိုက် တဲ့အချိန်မှာ သူတို့က ရှေ့တက်လာတာနဲ့ ပစ်ခတ်မှုဖြစ်သွားတာပါ။” ဟု United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBA ၊ မင်းလှမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ မ‌ကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Key Of Revolution ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေဖြင့် ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊...