Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် ပဒူရဲစခန်းတို့ကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၂၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းကို အလစ်အငိုက် ၂ ကြိမ် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း Royal Faclcon Guerilla Force တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၁ ရက် နံနက် ၄ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ၄၀ မမ ၇ လုံး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ် သား၊ ရဲများဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ထို့အပြင် နံ နက် ၁၀ ခွဲအချိန်တွင် အဆိုပါရဲစခန်းအား ၄၀ မမ လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့မှုရှိကြောင်း သိရသည်။

https://youtu.be/cQG066xjGwI

“မိုးတွေရွာနေတဲ့အချိန် အလစ်အငိုက်ဝင်ပစ်ခဲ့တာ။ မနက် ၄ နာရီခွဲလောက်မှာ ၄၀ မမ ၇ လုံးနဲ့ လက် နက်ငယ်တွေပစ်ပြီးတော့ မနက်ခင် ၁၀ နာရီခွဲလောက်မှာ နောက်တစ်ကြိမ်ထပ်ပစ်တာ။ သူတို့ ဘက်ကလည်း ဆေးရုံနဲ့ စာသင်ကျောင်းထောင့်မှာ ကင်းပုန်းတွေရှိတယ်၊ အဲဒီကင်းပုန်းတွေနဲ့ အပြန် အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာ၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး၊ သူတို့ဘက်က‌ သေဆုံးထိ ခိုက်မှုလည်း မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ၊ ရဲစခန်းအတွင်းကို ၄၀ မမတွေကျရောက်ပေါက်ကွဲမှုရှိ တယ်။ မနက်ပိုင်း ၇ လုံးပစ်တာ ၆ လုံးကွဲတယ်။ ဒီနေ့တော့ ကင်းပတ်တွေရှိတယ်။” Royal Faclcon Guerilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SGG နှင့် Royal Falcon Guerrilla Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင်းရှိ တပ်စွဲထားသော စစ်သားများ နှင့် ပဒူရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၉ ရက်နေ့ကစစ်ကိုင်းမြို့နယ်၊ ပဒူရွာအတွင်းနှင့် ရဲစခန်း အတွင်းတို့၌ တပ်စွဲပြီး ပြည်သူများ ၏ နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်စီးကာ ဖောက်ထွင်းလုယက်နေသော အကြမ်းဖက်စစ်တပ် ၏ စစ်သား၊ ရဲနှင့် ပျူစောထီးများ နေထိုင်ရာ နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲစခန်း အ တွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ စစ်ကိုင်းမြိုနယ် (ပကဖ) ၊ GTR(MMU) ၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ယူနီကွန်းပြောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force နှင့် နယ်မြေဒေသ ပကဖ များစုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...