Ngazun&Nathogyi News

Ngazun&Nathogyi News

ငါန်းဇွန်နှင့်နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်

 

D Day News

မေလ ၂၂

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။

 

မေလ ၁၇ ရက် ည ၇ နာရိအချိန်က ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်အုပ်စု၊ ထန်းတပင်ကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ၊မြင်းခြံခရိုင်တပ်ရင်း အမှတ် ၆ တပ်ခွဲ ၃ special Task Force NgaZun ၊ Youths Of Mandalay (Y. O. M) ၊ တံတားဦး ပ. က.ဖ (T. D. U) ၊ မြင်းခြံ နဂါးနီပြောက်ကျား တပ်ဖွဲ့ နှင့် ဧရာဝတီမင်းသား တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် ထန်းတပင်ကျေးရွာအနီး ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေး ရှောင်ပြည်သူများထဲမှ ၃ ဦးကို ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အဆက်အသွယ်ရရှိခြင်းမရှိသေးပဲ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ရန် ကြောက်ရွံ့ပြီး ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများ မှာ တပတ်ကျော်ကြာမြင့်လာပြီး စား၊ဝတ်၊နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

 

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ချောင်းဆုံကျေးရွာသို့ ဝင်ရောက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒရဒန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ ထံမှ သိရသည်။

 

မေလ ၂၀ ရက် နေ့က နွားထိုးကြီးမြို့နယ်၊ ချောင်းဆုံးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၈ နှင့် မလှိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...